Eco Warrior လေးတွေဖြစ်ကြပါစေ
တုနှိုင်းခ
Winner of Poster Campaign, World Environment Day 2024
“အစိမ်းရောင်" သည် အရောင်တစ်ခုမျှသာဖြစ်သည်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ စိမ်းလန်းသောအရောင်တွေကဘာတွေဖြစ်နိုင်မလဲ?
အပင်များ ဖြစ်ပါသည်။ အပင်များ သည် အေးမြခြင်း နှင့် ငြိမ်းချမ်းခြင်း ခံစားမှုကို ပေးသည်။ ၎င်းတို့ မရှိလျှင် ကမ္ဘာသည် ကျမတို့ လူသားများအတွက် ချစ်စရာကောင်းသော အိမ်ဖြစ်လာမည် မဟုတ်ပါ။ နေ့စဉ်နှင့်အမျှ လူတို့သည် ကျမတို့ ကမ္ဘာမြေကြီးပေါ် တွင် ထွက်လာသည့် အမှိုက်ပမာဏနှင့် လေထုညစ်ညမ်းမှုကို ထိခိုက်စေမည့် အပြုအမူများစွာ ပြုလုပ်နေ ကြသည်။
သင်ကော ဘာလုပ်နိုင်သလဲ? တစ်ကယ်တော့ အများကြီးပါပဲ။ အစိမ်းရောင် ကမ္ဘာဖြစ်လာရန် လူတိုင်းလုပ်နိုင်ပါတယ်
၁) သင်အသုံးပြုသည့် ပစ္စည်းပမာဏကို လျှော့ချပြီး စွန့်ပစ်ပါ။ တတ်နိုင်သမျှ ပြန်သုံးပါ။ ဗူးများ၊ ပုလင်းများ၊ စက္ကူ၊ စာအုပ်များ၊အဝတ်အထည်နှင့် အရုပ်များကိုပင် ပြန်လည်အသုံးပြုပါ။
၂) ကမ္ဘာမြေကြီး၏သာယာမှု့ကို ပျော်ရွှင်စွာခံစားပါ၊ တောအုပ်ထဲမှာ လမ်းလျှောက်ပါ၊ သစ်ပင်များ ပိုမိုစိုက်ပြီး ကျန်းမာဖို့ အရသာရှိတဲ့သဘာဝ အစားအစာများကို စားသုံးပါ။
၃) လျှော့ချပါ။ တစ်ခုခုကို လျှော့သုံးတာဟာ ကမ္ဘာမြေအတွက် ကောင်းတဲ့အရာကို လုပ်ခြင်းဖြစ်ပါတယ်။ ရေကိုချွေတာသုံးစွဲပါ။ အတတ်နိုင်ဆုံးရေပူ သုံးစွဲခြင်းကိုလျော့ချပါ။ သင်မလိုအပ် သောမီးများကိုပိတ်ပါ။ စွမ်းအင်သက်သာတဲ့ မီးသီးတွေကို ပြောင်းသုံးဖို့ သင့်မိဘတွေကိုတွန်း အားပေးပါ။ ၎င်းတို့သည် ကြာရှည်ခံပြီး စွမ်းအင်နည်းပါးသက်သာစေသည်။ သွားတိုက် မျက်နှာသစ်တဲ့အခါ ရေကိုပိတ်ထားလိုက်ပါ။ စက်ဘီးစီးပါ။ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ သင့်ဖုန်းနှင့် ကွန်ပျူတာကိုအသုံးမပြုတော့သည့်အခါ Sleep moodကို on ထားပါ။
၄) ပြန်သုံးပါ။ လူတွေကို "စွန့်ပစ်တဲ့ လူ့အဖွဲ့အစည်း" လို့ခေါ်သင့်ပါတယ်။ ကျမတို့သည် ပစ္စည်းဟောင်းများကို စွန့်ပစ်ပြီး အသစ်ဝယ်လိုစိတ်က ပိုမိုများပါသည်။ ကိုယ့်အတွက် တစ်ခုခုကို မလိုအပ်တော့ဘူးဆိုရင်တောင် တခြားတစ်ယောက်ယောက်အတွက်တော့ လိုအပ်ချက် ဖြစ်နေနိုင်ပါသေးတယ်။ အသုံးပြုနိုင်ပါတယ်။
တစ်ခါသုံးစက္ကူ သို့မဟုတ် ပလတ်စတစ်ခွက်များအစား ပြန်သုံးနိုင်သောပစ္စည်းများကို ရွေးချယ်သုံးစွဲပါ။
ကုန်စုံဆိုင်သို့ သွားသောအခါ၊ သင့်ကိုယ်ပိုင်အိတ်များ ထည့်စရာခြင်းများ တခါတည်း ယူဆောင်သွားပါ။
ရေသန့်ဗူးဝယ်မယ့်အစား ကိုယ်ပိုင် ရေဘူးတစ်ဘူးကို အမြဲ ယူဆောင်သွားပါ။ သင်နှင့် သူငယ်ချင်းများကြားတွင် လဲလှယ်မှုအစီအစဥ်တွေ ပြုလုပ်ပါ။ ဘာတွေလဲလှယ်နိုင်မလဲ။ စာအုပ်များ၊ အရုပ်များ၊ အဝတ်အစားများကို အပြန်အလှန်လှဲလှယ်နိုင်ပါတယ်။
ငွေကုန်ကြေးကျ မှု့မရှိ ဘဲ ပစ္စည်းအမြောက်အများကို စွန့်ပစ်ခြင်းမရှိ လူတိုင်းအတွက် အသစ်အဆန်းတစ်ခုခုကို ပြန်လည် ရရှိစေမည့် နည်းလမ်းတစ်ခုဖြစ်သည်။ သင့်အခန်းကို သန့်ရှင်းရေးလုပ်သည့်အခါ သင့်လဲလှယ်မှု့ ပြုလုပ်နိုင်ရန် အတွက် ပစ္စည်းအချို့ကို ဖယ်ထားပါ။ မိတ္တူကူးထားသော စာရွက်များကို နောက်ထပ် ကွန်ပြူတာပုံနှိပ်ခြင်းအတွက် သို့မဟုတ် ပုံဆွဲရန် သို့မဟုတ် doodle လုပ်ရန် အခြားတစ်ဖက်ကိုပြန်လည် အသုံးပြုပါ။
Recycling လုပ်ဖို့ က ဘယ်တော့မှ မလွယ်ကူပါဘူး။ ဒါပေမဲ့ သင့်မိသား စုအတွက် "ပြန်လည်အသုံးပြုခြင်း" စနစ်လုပ်လိုကြောင်းကို သင့်မိခင် သို့မဟုတ် ဖခင်အား ပြောပြပါ။ စွန့်ပစ်မည့် ပစ္စည်းများကို စီစစ်၍ ဆေးကြောပြီး ပြန်လည်အသုံးပြုနိုင်ကြောင်း အခြားသူများကိုလည်း အသိပညာ ပေးပါ။ ပလပ်စတစ်ပုလင်းများ၊ ဗူးများ၊ ဖန်ပုလင်းများ နှင့် အခြားအရာများကိုသေချာ ခွဲခြားပစ် ခြင်းဖြင့် သင်သည် အမှိုက်ပုံသို့ပစ်မည့် အမှိုက်ပမာဏကိုအလိုအလျောက် လျှော့ချသွား နိုင်မည်ဖြစ်သည်။
အမှိုက်ပုံဆိုတာ ဘာလဲ?
အမှိုက်ကားကြီးတွေ အမှိုက်ပစ်ဖို့ သွားနေတဲ့အလွန်ကြီးမားတဲ့ အမှိုက်တောင်ကြီးတစ်ခုသာဖြစ်သည်။ ကျမတို့ ပြန်လည်အသုံးပြုနိုင်သော ကုန်ပစ္စည်းများသည် ၎င်းတို့ကို ကြေမွနိုင်၊ ဖြိုဖျက်နိုင်ပြီး နောက်ပိုင်းတွင် ခေတ်မှီ နည်းပညာများဖြင့် လူတို့ပြန်လည်အသုံးပြုနိုင်မည့် ဗူးများ၊ ပုလင်းများနှင့် အသုံးအဆောင် အသစ်များ အဖြစ်သို့ ပြောင်းလဲပစ်နိုင်သည့် Recycle Center သို့သာ သွားသင့်ပါသည်။ တခြားဘာတွေ ပြန်သုံးလို့ရလဲ။ တခါတရံ ရေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့်အသုံးပြုပြီးသားရေကို အပင်များနှင့် ပန်းပင်များကို ရေလောင်းရာတွင်ပြန်လည် အသုံးပြုနိုင်သည်။
၅) စားပါ
လက်ရှိအခြေအနေတွင် အမှိုက်နှင့် လေထုညစ်ညမ်းမှုသည်အဓိက ပြဿနာများဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ကမ္ဘာမြေ သည်လူတို့အတွက် အဖိုးမဖြတ်နိုင်သောအလှအပတရားများနှင့် ကြီးမားပြီး ကျက်သရေရှိသော နေရာတစ်ခုအဖြစ် ရှိနေသေးသည်။ မြို့တိုင်း ပြည်နယ်တိုင်းရှိ သဘာဝအတိုင်း လှပသောနေရာများသို့ သွားရောက် လည်ပတ်ခြင်းပြုလုပ်နိုင်သည်။
သူငယ်ချင်းများနှင့်လည်းကောင်း၊ မိသားစုနှင့်သော်လည်းကောင်း အားလပ်ရက်အတွက် စီစဉ်လည်ပတ်ပါ။သ ဘာဝတရားကိုခံစားပါ။ ကိုယ်တိုင်ကာကွယ်စောင့်ရှောက်ပါ။ ဒါပေမယ့် သင် ခရီးမသွားခင် သင့်ကိုယ်ပိုင် အိမ်လေးကို ပြန်ကြည့်ပါ။ သစ်ပင်စိုက်တာ ဒါမှမဟုတ် အသီးအနှံလေးတွေ စိုက်လို့ရတဲ့ နေရာ လွတ်ရှိပါသလား? ရှိတယ်ဆိုရင်အပင်လေးတွေစိုက်ပါ။ ကိုယ်ပိုင် စိမ်းလမ်းသော ကမ္ဘာတစ်ခုဖန်တီးပါ။
အဲဒါဆိုရင် သင့် စိုက်ထားသော အပင်လေးများ မှ အပင်ကြီးများ ဖြစ်လာသည်အထိ ကြီးထွားလာတာကို ဂုဏ်ယူစွာဖြင့် ကြည့်ရင်း သဘာဝတရားကိုပိုမိုတန်ဖိုးထားတတ်လာမည်ဖြစ်သည်။
အစိမ်းရောင်ကမ္ဘာကြီးကလူသားတို့အတွက် ပိုလှပပါတယ်။
Be Yourself Eco Warrior!