Skip to main content

200 PLANTS CHALLENGE AND NEXT GENERATIONS

"200 PLANTS CHALLENGE AND NEXT GENERATIONS"

19.11.2024

စိုင်းဝေထွန်း (Sai Wai Tun)

First Prize Winner, Content Challenge 
200 Trees Planting Challenge 2024

မင်္ဂလာပါ။ ဒီနေ့ ဝေမျှပေးသွားမယ့် အကြောင်းအရာတွေကတော့ Nov 16, 2024 မှာ Eco Warriors Nyaung Shwe မှ လူငယ်ခေါင်းဆောင်တွေ တာဝန်ယူဦးဆောင်ပြီး ကျင်းပခဲ့ကြတဲ့ 200 Trees Planting Challenge အကြောင်း၊ ဒီနေ့ Event လေးကနေ ရရှိလေ့လာခဲ့တဲ့ အတွေ့အကြုံ အသစ်တွေနှင့် ဒီနေ့ Activity လေးရဲ့ ရည်ရွယ်ချက်တို့ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး အနေနှင့် ကျွန်တော်တို့ရဲ့ Event အကြောင်းကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ် ဒီ အစီအစဉ်လေးကတော့ ဖော်ပြခဲ့တဲ့ အတိုင်းဘဲ Hand To Hand Charity မှ Youth Leaders တွေ ကိုယ်တိုင် အစအဆုံး စီစဉ်ကျင်းပခဲ့တဲ့ ပွဲလေးပါ။

Ecowarrior carrying Plants

လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ဝယ်ယူတာက အစ Filming ပိုင်းအထိ ပါဝင်အားဖြည့် ကူညီပေးထားကြပါတယ်။ ပထမဦးဆုံးအကြိမ် ဖြစ်တဲ့အတွက် အဆင်မပြေမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Youth Developing Trainers တွေရဲ့ Guidelines တွေ Supporting တွေကြောင့် အခက်အခဲ ကြီးကြီးမားမား တစ်စုံတစ်ရာတော့ မဖြစ်ခဲ့ပါဘူး။

Experiences

ကျွန်တော့်အနေနှင့် ဒီလို Project မှာ ပါဝင်အားဖြည့်ခဲ့ရင်း အတွေ့အကြုံအသစ်တွေအမြောက်အမြား ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ () နှစ်လောက်ကစပြီး Hand To Hand Charity ကို လုပ်အားပေးအနေနှင့် ပါဝင်ခဲ့ပါတယ်။ Eco-warrior တစ်ယောက်အနေနှင့် ဂုဏ်ယူစရာကောင်းတဲ့ Memories တွေကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဒီ Project မှာသာ (200) Plants Challenge ဆိုပြီး ခမ်းခမ်းနားနား ကျင်းပခဲ့ပေမယ့် ဒီ Event ရှေ့မှာ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ Challenges တွေ၊ အတွေ့အကြုံတွေ အများကြီး လုပ်ဆောင်ရရှိခဲ့ကြပြီးပါပြီ။

အမှိုက်ကောက်ခြင်းဖြင့်သော်လည်းကောင်း၊ အပင်စိုက်ခြင်းဖြင့် သော်လည်းကောင်း၊ Environmental Awareness တွေကို Online ပေါ်ကရော, On ground မှာရော လိုက်ဝေမျှခြင်း စတဲ့ နည်းလမ်းမျိုးစုံနဲ့ ကျွန်တော်တို့နေထိုင်တဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို ယခုချိန်ထိ ကာကွယ်စောင့်ရှောက် ပေးခဲ့ကြပါတယ်။

EcoWarriors at the Challenge 

ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံချမှုတွေ၊ ဝေဖန်ပြောဆိုခြင်းတွေကိုလည်း တောက်လျှောက်ခံခဲ့ရပါတယ်။ ဒါတွေကို ကြားခဲ့၊ ခံခဲ့ရတဲ့ Eco-warrior ကလေးလူငယ်တွေ အနေနှင့် စိတ်ပျက်မှုတွေ စိတ်ဓာတ်ကျမှုတွေ ခဏတာ ဖြစ်ခဲ့ပေမဲ့ လုပ်ငန်းစဥ်တွေကတော့ နှေးသွားခြင်းမျိုးမဖြစ်ဘဲ ဆက်လက် တိုးတက်လုပ်ဆောင် နေခဲ့ကြပါတယ်။

ဆက်လက်ပြီးတော့လည်း ပိုမို ထိရောက်ကောင်းမွန်တဲ့ နည်းလမ်းတွေနှင့် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ယုံကြည်မှုအပြည့်နှင့် ကာကွယ်စောင့်ရှောက် ပေးသွားဦးမှာပါ။ အဆုံးသတ်အနေနှင့် ဒီ Event ကနေ ကျွန်တော်တို့ Eco-warriors တွေအနေနှင့် သမိုင်းလှလှတွေ၊ အတွေ့အကြုံအသစ်တွေနှင့် စိတ်ဓာတ်ခွန်အားသစ်တွေ ထပ်မံ ရရှိခဲ့ပါတယ်။

Purpose (For Next Generation)

နောက်ဆုံးအနေနှင့် ဒီ Activity ရဲ့ ရည်ရွယ်ချက်ကို ဝေမျှပေးသွားမှာပါ။ ဒီ Event မှာ ပါဝင်ပေးခဲ့တဲ့သူတွေ၊ ကြည့်ရှုပံ့ပိုးသူတွေအားလုံးကို သဘာဝပတ်ဝန်းကျင်နှင့် ပက်သတ်ပြီး အသိပညာအသစ် တစ်ခုရသွားဖို့၊ အခုလို လူငယ်တွေကတစ်ဆင့် လူကြီးတွေအထိ ပါဝင်လာနိုင်ဖို့၊ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ပိုမိုကောင်းမွန်တိုးတက်တဲ့ ကမ္ဘာကြီးတစ်ခုကို တည်ဆောက်ပေးနိုင်ခဲ့ဖို့ ဆိုပြီး ဒီ Challenge ကို ကျင်းပပြုလုပ်ခဲ့တာပါ။

ကျွန်တော်တို့ Eco-warrior တွေကတော့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အမှိုက်ကင်းစင်ပြီး ပိုမို လှပတင့်တယ်တဲ့ သစ်ပင်ပန်းပန်တွေနဲ့ စိမ်းလန်းစိုပြည်နေတဲ့ ပတ်ဝန်းကျင်ကြီးကို ထားခဲ့ချင်ပါတယ်။