Skip to main content

သဘာဝပတ်ဝန်းကျင်အတွက် Eco-warriors အဖွဲ့ဝင်များရဲ့ အပင်200စိုက်ခြင်း စိန်ခေါ်မှု

“သဘာဝပတ်ဝန်းကျင်အတွက် Eco-warriors အဖွဲ့ဝင်များရဲ့ အပင်200စိုက်ခြင်း စိန်ခေါ်မှု”

19.11.2024

ယွန်းမေ (Yoon May)

Second Prize Winner, Content Challenge 
200 Trees Planting Challenge 2024

Eco-warriorsအဖွဲ့အစည်းသည် အသက်12 မှ 25အတွင်း ကလေး/လူငယ် များ 110ဦးပါဝင်သည့် အဖွဲ့10ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး သဘာဝပတ်ကျင်းကို ထိန်းသိမ်းမှုများကို လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ Eco-warriorsများက အပတ်စဥ် လုပ်ငန်းဆောင်တာများကို ပြုလုပ်ကြပြီး အဓိကဖြစ်သည့်

၁) ပလတ်စတစ်/အမှိုက် အစရှိသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်ထိန်းသိမ်းခြင်း

၂) အပင်များကို စိုက်ပျိုးပေးပြီး ပြုန်းတီးသွားသော အပင်များကို အစားထိုး စိုက်ပျိုးပြီး ဘေးအန္တာရယ်မှ ကြိုတင်ကာကွယ်ပေးခြင်း

၃) ပလတ်စတစ်ရဲ့ ဆိုးကျိုးများအ​ကြောင်း အသိပညာများ ဝေမျှခြင်း

၄) ပြန်လည် အသုံးပြုနိုင်သော ပလတ်စတစ် ရေဘူး ခွံစသည် တို့ကို ပြန်လည်အသုံးပြုခြင်း တို့ဖြစ်ကြပါသည်။

Yoon May at the Challenge 

Eco-warrior တစ်ယောက်အနေဖြင့် သဘာဝပတ်ဝန်းကျင်အတွက် လူငယ်တွေ အရေးပါမှုကို သိရှိခဲ့ပြီး ရပ်ရွာ/မြို့အစရှိသည့် နေရာများကိုလည်း Eco-warriors များက တက်နိုင်သမျှ လိုက်လံထိန်းသိမ်းမှုကြောင့်လည်း အကျိုးများစွာရရှိခဲ့ပါသည်။ ဒီအဖွဲ့အစည်းရဲ့ activitiesတစ်ခုအနေနဲ့ ယနေ့16thရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ 200စိုက်ခြင်းသည်လည်း နောက်ထပ် ထပ်ရှိလာမဲ့ အဖွဲ့ဝင်အသစ်များနဲ့ လူငယ်တွေအတွက် စံနမူနာယူနိုင်ရန်နဲ့ သူတို့ရဲ့ စိတ်ထဲတွင် ယခင်က Eco-warriors အဖွဲ့ဝင်ဟောင်းများရဲ့ ပုံရိပ်များ ထင်ကျန်နေရန်နှင့် လူအချို့ကြောင့် မလိုအပ်ပဲ ပြုန်းတီးခဲ့ရမှုကြောင့် ပြန်လည် စိုက်ခဲ့ကြခြင်း ဖြစ်ပါသည်။

အပင် 200 စိုက်ပျိုးသည့် အချိန်တွင် လူငယ်များပါမက မိဘများမှလည်း ပါဝင်ကူညီ​ပေးခဲ့ကြသည်။ လူအင်အား တောင့်တင်းတာတွေရယ်၊ စည်းလုံးမှုကြောင့်လည်း တစ်ဖွဲ့စီ တာဝန်အသီးသီးယူပြီး စိုက်ပျိုးခဲ့တာကြောင့် အချိန်တိုအတွင်း မြန်မြန်ပြီးမြောက်ခဲ့ပြီး အခက်အခဲအချို့ကို ရင်ဆိုင်နိုင်ခဲ့ပြီး တောတွင်းမှာ ဖြစ်တာကြောင့် အချို့သော အင်းဆက်များ မကိုက်အောင် ဂရုတစိုက် စိုက်ပျိုးခဲ့ရတာမှလွဲရင် သစ်ပင်များ စိုက်ပျိုးနေကြသော လူအများရဲ့ ပီတိဖြစ်နေသော ပုံရိပ်များက တသက်လုံးစွဲ မြဲနေစေပါသည်။

Eco Warriors at the Challenge

အပေါ်က အချက်အလက်တွေကြောင့် ယနေ့လို Eco-warriors အဖွဲ့အစည်းနှင့် အပင်200စိုက်ခြင်း စိန်ခေါ်မှုဟာ အရာရောက်ခဲ့ပြီး ဒါတွေကို အသင်းလိုက်ခေါင်းဆောင်များနှင့် အန်တီစူးတို့ ဆရာMattတို့ရဲ့ ထောက်ပံ့မှုတွေကြောင့်လည်း တော်တော် ခရီးရောက်ခဲ့ပါသည်။ နောက်ထပ်များ ဘယ်လို activitiesတွေ ရှိနေပါစေ Eco-warriors အဖွဲ့ဟာ အမြဲအတူတကွ လုပ် ဆောင်ပြီး သဘာဝကို တက်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်သွားမည် ဖြစ်ပါသည်။